Monday, March 14, 2016

ခန္ဓာနှင့်​ ဥပါဒါနက္ခန္ဓာ ​ဒေသနာ အထူး

ခန္ဓာနှင့်​ဥပါဒါနက္ခာ ​ဒေသနာအထူး။
လောကီဖြစ်​​စေ ​လောကုတ္တရာ ဖြစ်​​စေ ခန္ဓာဖွဲ့​ကောင်းသမျှတရားများကို သိမ်းကြုံးပြ​တော်​မူခြင်းငှါ ခန္ဓာ့ ​ဒေသနာကို ပထမ​ဟော​တော်​မူသည်​။
ဝိပဿနာ ကမ္မဋ္ဌာန်း စီးဖြန်းရာ၌ကား ​လောကုတ္တရာ တရားများကို အာရုံပြု၍ မစီးဖြန်းရ ၊ ဝဋ်​ဒုက္ခတရားများကို အာရုံပြု၍ စီးဖြန်းမှ အနိစ္စဒုက္ခအနတ္တသ​ဘော ထင်​မြင်​နိုင်​မည်​။
လောကုတ္တရာ စိတ်​​စေတသိက်​သည်​ အနိစ္စဒုက္ခ အနတ္တတရား၌ ပါဝင်​​သောသင်္ခါရများပင်​ ဖြစ်​လင့်​ကစား မဂ်​တရားတို့က ဝဋ်​ ဒုက္ခ မှ ထွက်​​မြောက်​​ကြောင်း ဖိုလ်​တရားတို့က ဒိဋ္ဌဓမ္မနိဗ္ဗာန်​ စံဖို့အ​ကြောင်း အ​ကောင်းချည်းသာဖြစ်​၍၊ ဝိပဿနာ ရှုလျှင်​လည်း နိဗ္ဗန္ဒဉာဏ်​ဖြင့်​ငြီး​ငွေ့ရန်​မဟုတ်​​ချေ။
ထို့​ကြောင့်​ ကမ္မဋ္ဌာန်းရှု​သောအခါ ​လောကီ ခန္ဓာ ကိုသာရှုရသည်​။ ဤသို့လျှင်​ ဝိပဿနာ ရှုရန်​အကျိုးငှါ ​လောကီသက်​သက်​ ဥပါဒါနက္ခန္ဓာ ​ဒေသနာကို တစ်​ဖန်​​ဟော​တော်​မူရပြန်​သည်​။

အရှင်​ဇနကာဘိဝံသ
သဂြိုဟ်​ဘာသာဋီကာ။



No comments:

Post a Comment