✔ ✔ ကာလဝိမုတ်အာရုံ ✔ ✔
★ ★ ★ ★ ★ ★ ★ ★
#ပစ္စုပ္ပန် အတိတ် အနာဂါတ် ကာလ ၃ မျိုးမှ
အလွတ်ဖြစ်သော အာရုံသည် ကာလဝိမုတ် အာရုံမည်၏။
ကာလတော + ဝိမုတ္တံ ကာလဝိမုတ္တံ ။ ဤကာလဝိမုတ်
ဖြစ်သော အာရုံများကား ပညတ် တရားနှင့် နိဗ္ဗာန်တည်း။
ပညတ်သည် နာမပညတ်နှင့် အတ္ထပညတ်ဟုရှိ၏။
ထိုတွင် အများသုံးနှုန်းနေကြသော အမည်များသည်
ဥပါဒ် ဋ္ဌီ ဘင် အားဖြင့် အထင်အရှားမရှိ။ တယောက်က
စထွင်သုံးစွဲ နေကြသောကြောင့် အများက လိုက်သုံး
နေကြခြင်းဖြစ်သည်။ အိမ် ကျောင်း လူ နတ် စသော
အထည်ဒြပ် အတ္ထပညတ် တွေကိုလည်း လောကီလူတို့
အမြင်အားဖြင့် အထင်အရှား ရှိသည် ဆိုရစေကာမူ
လက်ဆုပ် လက်ကိုင်ပြသောအခါ ရုပ် ကလပ်တွေသာ
တွေ့ရ၏။ အိမ်မတွေ့ ကျောင်းမတွေ့ နတ်မတွေ့ ဗြဟ္မာမ
တွေ့ရချေ။ ထို့ကြောင့် ဥပါဒ် ဋ္ဌီ ဘင် အားဖြင့် အထင်အ
ရှား မရှိသော ပညတ်ကို အတိတ် အနာဂါတ် ပစ္စုပ္ပန် ဟု
မဆိုထိုက်။
#နိဗ္ဗာန် ဟု ဆိုအပ်သော `အငြိမ်းဓာတ်´ တမျိုး
သည် ပရမတ္ထ အားဖြင့် အထင်အရှား ရှိ၏။ သို့သော်
ဖြစ်လျင် ပျက်ရမြဲ ဖြစ်သောကြောင့် ဖြစ်ခြင်းဟူသော
ဥပါဒ် ကား မရှိ။ ပျက်ခြင်းဟူသော ဘင် လည်းမရှိ။
ယခုပြောရိုး ဖြစ်သော ဋ္ဌီလည်း မရှိ။
#သန္တိ (ငြိမ်းအေးခြင်း) သဘောကား အမြဲတည်ရှိ၏။
ဤသို့ ခဏတ္တယ နဲ့ မယှဉ်ရကား ပစ္စုပ္ပန် နိဗ္ဗာန်မရှိ။
ပစ္စုပ္ပန် မရှိလျင် အတိတ် နဲ့ အနာဂါတ် မှာ သာ၍ဝေး
တော့၏။ ထို့ကြောင့် ပညတ်နှင့်နိဗ္ဗာန်ကို ` ကာလဝိမုတ်´
ဟုခေါ်ဆိုရသည်။
အရှင်ဇနကာဘိဝံသ ။
No comments:
Post a Comment