Monday, March 14, 2016

ဇောအပြန်

✔ ဇောအပြန်✔
♨ ♨ ♨ ♨ ♨

      စိတ်ဖောက်ပြန်မှုဟူသော စိတ္တဝိပလ္လာသ ၊အမှတ်မှားမှုဟူသော သညာဝိပလ္လာသ၊ အယူမှားမှုဟူသော
ဒိဋ္ဌိဝိပလ္လာသ မကင်းကြသော ပုထုဇဉ်နှင့် ရှေ့ဝိပလ္လာသ
၂ မျိုး မကင်းကြသော သေက္ခ ပုဂ္ဂိုလ်တို့ သဏ္ဍာန်၌ ဖြစ်လေ့ရှိသော ကုသိုလ်ဇော အကုသိုလ်ဇောတို့သည်
တစိခါတစ်ရံ အာရုံအားလျော်စွာ အတိဣဋ္ဌာရုံ၌ သောမနဿဇော ဣဋ္ဌမဇ္ဈတ္တာရုံ၌ ဥပေက္ခာဇော၊ အနိဋ္ဌာရုံ
၌ ဒေါသဇော စောလေ့ရှိ၏။
              တခါတရံ၌ကား ထိုဝိပလ္လာသတို့ကြောင့်သော်၎င်း၊အနိဋ္ဌာရုံကို ခင်မင်နှစ်သက်ဖို့ရာ အကုသိုလ်ကံ ပါလာ
သောကြောင့်သော်၎င်း၊ ဘုရားစသော အတိဣဋ္ဌာရုံ၌
တိတ္ထိတို့မှာ ဒေါသဇောစောကြလေ၏။ မစင် ခွေးသေကောင်ပုပ် စသော အနိဋ္ဌာရုံ၌ ကျီး လင်းတ တို့မှာ
သောမနဿဇော စောကြ၏။
                ထိုဘုရားစသော အတိဣဋ္ဌာရုံနှင့် အနိဋ္ဌာရုံ
တို့၌ပင် အချို့ စိတ်ဖောက်ပြန်နေသော အရူးစသူ တို့မှာ
ဥပေက္ခာဇော စောကြ၏။
               ဤသို့လျင် ကုသိုလ် အကုသိုလ်ဇော တို့၏
အာရုံသဘော ကို အခါခပ်သိမ်း မလိုက်လျောပဲ ဝေဒနာ
ယှဉ်ပုံ ဗလောင်းဗလဲ ဖြစ်ဟန်ကို ရည်သန်၍ `ဇောအပြန်´
ဟုပြောစမှတ်ပြုကြလေသည်။

              သဂြိုဟ်ဘာသာဋီကာ ။

No comments:

Post a Comment