Monday, March 14, 2016

ကြွက်​ငယ်​၍ ဆင်​ကြီးပုံ

✔ ကြွက်ငယ်၍ ဆင်ကြီးပုံ✔
❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆ ❆

       #ဂဗ္ဘသေယျက သတ္တဝါတို့၏ ပဋိသန္ဓေအခန်းတွင်

ကလပ် ၃ စည်း (ရုပ်၃၀ )စီ အညီအမျှ ဖြစ်ကြပါလျက်

အဘယ့်ကြောင့်ကြွက် စသောသတ္တဝါတို့ မှာ သေးငယ်ကြ

လျက် ဆင်စသော သတ္တဝါတို့မှာ ကြီးကျယ်ကြရပါသနည်း

       အဖြေမှာ - ကံသတ္တိကြောင့် ကြွက်စသည်မှာ သေး

ငယ်၍ ဆင် စသည်မှာ ကြီးရလေသည်။ ချဲ့ဦးအံ့-

ပဋိသန္ဓေခဏ၌ ရုပ် ၃၀ အညီအမျှ ရှိကြသော်လည်း

ပဝတ္တိအခါ ကမ္မဇ ရုပ်အသစ်များ အချိန်ရှိသရွေ့ အထပ်

ထပ်တိုးပွားရာ၌ ရုပ်ကလပ်များ မည်မျှသာဖြစ်ရမည်ဟု

ကန့်သတ်ချက်မရှိ။ တကိုယ်လုံး ပျံ့နှံ့နိုင်သော ကာယ

ဘာဝ ဒသက ကလပ် များသည် ရှေးကံ၏ အစွမ်းကြောင့်

ကြွက်သဏ္ဍန်မှာ အနည်းငယ်သာ တိုးပွား၍ ဆင်သဏ္ဍာန်

မှာ များစွာတိုးပွားသည်။ ထိုကမ္မဇကလပ်များတွင် ပါဝင်

သော ဥတု ကြောင့် ဥတုဇ ကလပ်များ တိုးပွားရာ၌လည်း

အနဲ အများ ကွဲပြားပြန်၏။ ဤမျှလောက်ဖြင့်ပင် ကြွက်၌

ကမ္မဇ ဥတုဇ ရုပ်များ နဲ၍ ဆင်၌များကြောင်း ထင်ရှား

လေပြီ။

#ကံသာအရင်း      
     
            ထို့နောက် အမိကိုယ်ငွေ့ဖြင့် ထိတွေ့ရာ၌လည်း

အကောင်သေးလျင် အထိအတွေ့နဲသဖြင့် ထိုအငွေ့ဥတု

ကြောင့် ဥတုဇရုပ်များ အနဲငယ်သာတိုးမည်။အကောင်ကြီး

လျင်ကြီးသလောက် အထိအတွေ့များ သဖြင့် ဥတုဇရုပ်

များ, များစွာတိုးပြီ။ ထို့နောက် အာဟာရ ရုပ်များ ပျံ့နှံ့ရာ

၌လည်း အကြီးအငယ်အလိုက် ပျံ့နှံ့မှု အနဲအများ ကွဲပြား

သဖြင့် အာဟာရဇ ရုပ်များ အနဲအများ ကွဲပြားရပြန်သည်။

              ဤသို့လျင် ကံ၏အစွမ်းကြောင့် ပဝတ္တိ ကမ္မဇ

ရုပ်များ၏ ဖြစ်ပုံ ခြားနားမှုကို အစွဲပြု၍ နောက်နောက်

ရုပ်များ၏ ဖြစ်ပုံလည်း အနဲအများ ကွဲပြားရသောကြောင့်

ကြွက်စသည်တို့ သေးငယ်၍ ဆင်စသည်တို့ ကြီးမားရခြင်း

၏အကြောင်းရင်းမှာ ကံသာလျင်ဖြစ်တော့သတည်း။

#သဗ္ဗေ ကမ္မဿကာ သတ္တာ , ကမ္မံ သတ္တေ ဝိဘဇ္ဇတိ။

         အရှင်ဇနကာဘိဝံသ -ဘာသာဋီကာ

No comments:

Post a Comment